နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အန်ဇို ဖာနန်ဒက်စ် မပါဝင်နိုင်တဲ့ ပွဲစဉ် နှစ်ပွဲ အတွက် ချဲလ်ဆီး ဘာတွေ စီစဉ်ထားရမလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ နိုင်ငံတကာ ရက်သတ္တပတ်တွေ အတွင်း အန်ဇို ဖာနန်ဒက်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဝေဝါးစေခဲ့တဲ့ ပြောကြားချက်တွေကြောင့် အခက်တွေ့နေရပါတယ်။ အန်ဇိုဟာ အာဂျင်တီးနားနဲ့ အတူ ရှိနေစဉ် အတွင်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လိုကြောင်း လူသိရှင်ကြား အရိပ်အမြွက် ပြောကြားခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ရာသီဥတု မကြည်လင် ဖြစ်နေခဲ့ရပါတယ်။

အသင်းရဲ့ စည်းကမ်းပိုင်းကို ထိန်းသိမ်းတဲ့ အနေနဲ့ ချဲလ်ဆီးဟာ အန်ဇိုကို ပို့တ်ဗေးလ်နဲ့ အက်ဖ်အေဖလား ပွဲနဲ့ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပွဲပယ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြ လီယမ် ရိုစီနီယာ အနေနဲ့ အန်ဇို မပါဘဲ ဒီပွဲတွေကို ဘယ်လို ရင်ဆိုင်သွားမလဲ ဆိုတဲ့ ရွေးချယ်စရာ လမ်းကြောင်း (၃) ခုတော့ ရှိနေပါတယ်။

 

၁။ ကိုးလ် ပါးလ်မားကို နံပါတ် ၁၀ နေရာမှာ လွတ်လွတ်လပ်လပ် ကစားစေခြင်း

အန်ဇို မပါဝင်နိုင်တာက ကိုးလ် ပါးလ်မား အတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေမှာ ပါးလ်မားနဲ့ အန်ဇိုဟာ ကွင်းလယ် တိုက်စစ် နေရာ အတွက် ပြိုင်ဆိုင်ခဲ့ရပြီး ပါးလ်မားဟာ ညာတောင်ပံဘက်ကို ခဏခဏ ထွက်ကစားခဲ့ရပါတယ်။ အခု လက်ရှိ မှာတော့ နည်းပြ ရိုစီနီယာဟာ ပါးလ်မားကို သူ့ရဲ့ အကောင်းဆုံး နေရာ ဖြစ်တဲ့ ကွင်းလယ် တိုက်စစ် နေရာမှာ အတည်တကျ ထားကစားနိုင်မှာ ဖြစ်ပြီး၊ ပါးလ်မားရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လှုပ်ရှားမှုတွေက မန်စီးတီး ကွင်းလယ်လူ ရိုဒရီနဲ့ ခံစစ်ပိုင်းကို ခြိမ်းခြောက်နိုင်မှာ ဖြစ်ပါတယ်။

 

၂။ ယာအို ပက်ဒရိုကို အနောက်ကို အနည်းငယ် နောက်ဆင်း ကစားစေခြင်း

အန်ဇိုရဲ့ နေရာမှာ အစားထိုးနိုင်တဲ့ နောက်ထပ် တစ်ဦး ကတော့ ဘရာဇီးလ် ကြယ်ပွင့် ယာအို ပက်ဒရို ဖြစ်ပါတယ်။ ပက်ဒရိုဟာ နည်းပြသစ် ရိုစီနီယာ လက်ထက်မှာ ၁၁ ဂိုး အထိ သွင်းယူထားပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားနေသူပါ။ ဒါပေမယ့် ပက်ဒရိုဟာ နံပါတ် ၁၀ နေရာ မှာလည်း ကျွမ်းကျင်စွာ ကစားနိုင်သူ ဖြစ်တာကြောင့် မန်စီးတီးနဲ့ ပွဲမှာ သူ့ကို အနောက်ကို အနည်းငယ် ဆင်းကစားစေပြီး၊ အထောင် တိုက်စစ် နေရာ မှာတော့ အမြန်နှုန်းနဲ့ လူကောင်ထွားတဲ့ လီယမ် ဒီလက်ပ်ကို ပွဲထုတ်လာနိုင်ပါတယ်။ ဒီလက်ပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်က ပပ် ဂွါဒီယိုလာရဲ့ High Line Defence ကို ဒုက္ခပေးနိုင်ဖွယ် ရှိနေပါတယ်။

 

၃။ လူငယ်ကြယ်ပွင့် အက်စတီဗာအိုကို အခွင့်အရေး ပေးခြင်း

အဆင်ပြေရင်တော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆက်လက် အသုံးပြုဖွယ် ရှိပါတယ်။
အန်ဇို ဖာနန်ဒက်ဇ် မပါတာကြောင့် အခွင့်အရေး ပိုရလာနိုင်တဲ့ ပါးလ်မားနဲ့ အက်စ်တီဗာအို

လာမယ့် စနေနေ့မှာ ကစားမယ့် ပို့တ်ဗေးလ်နဲ့ အက်ဖ်အေဖလား ပွဲစဉ် မှာတော့ နည်းပြ ရိုစီနီယာ အနေနဲ့ လူငယ်ကြယ်ပွင့် အက်စတီဗာအိုကို နံပါတ် ၁၀ နေရာမှာ စမ်းသပ် အသုံးပြုလာနိုင်ပါတယ်။ အဆင်ပြေရင်တော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆက်လက် အသုံးပြုဖွယ် ရှိပါတယ်။ သူဟာ များသော အားဖြင့် ညာတောင်ပံမှာ ကစားလေ့ရှိပေမယ့် ကွင်းလယ် တိုက်စစ် မှာလည်း ခြေစွမ်းပြနိုင်သူလို့ သတ်မှတ်ခံထားရသူပါ။ အချက်အလက်တွေအရ အက်စတီဗာအိုဟာ ပါးလ်မီးရက်စ် မှာတုန်းက ကွင်းလယ် တိုက်စစ် နေရာမှာ ၁၂ ပွဲ ကစားခဲ့ဖူးပြီး ၄ ဂိုး အထိ ပါဝင် ပတ်သက်ခဲ့ဖူးပါတယ်။ အခု ပို့တ်ဗေးလ်လို အသင်းငယ်နဲ့ ပွဲဟာ သူ့ရဲ့ အရည်အချင်းကို ချဲလ်ဆီး အင်္ကျီနဲ့ သက်သေပြဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လာမှာပါ။

နိဂုံးချုပ် အနေနဲ့ ဆိုရင်တော့ အန်ဇို ဖာနန်ဒက်စ်ရဲ့ အပြုအမူကြောင့် အသင်းမှာ ပြဿနာ တချို့ ရှိနေပေမယ့် ချဲလ်ဆီးမှာ ကိုးလ် ပါးလ်မား၊ ယာအို ပက်ဒရိုနဲ့ အက်စတီဗာအို တို့လို အရည်အချင်း ရှိတဲ့ ကစားသမားတွေ ရှိနေတာကြောင့် အန်ဇို မပါဝင်တဲ့ ပွဲစဉ်တွေကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ရကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်