နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

တစ်ဦးချင်း ဆုတံဆိပ်တွေ တစ်ခုပြီး တစ်ခု သိမ်းပိုက်နေတဲ့ ပါးလ်မား | ပရီးမီးယားလိဂ်

ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ အတူ အစွမ်းကုန် တောက်ပခဲ့တဲ့ ကိုးလ် ပါးလ်မား ကတော့ တစ်ဦးချင်း ဆုတံဆိပ်တွေ ဆက်တိုက်ကို ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ပါးလ်မားဟာ PFA Fans’ Player of the Year ဆုနဲ့ Premier League Young Player of the Year ဆုတွေ ပိုင်ဆိုင်ထားခဲ့ပြီး အခု တစ်ခါ မှာလည်း Game Changer of the Season ဆုကိုပါ ထပ်တိုး ပိုင်ဆိုင်ခဲ့ပြန်တာ ဖြစ်ပါတယ်။

ကိုးလ်ပါးလ်မားဟာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အံအားသင့်ဖွယ် ဟက်ထရစ် သွင်းရင်း အသင်းကို အရှုံး ရလဒ် ကနေ အနိုင်ရလဒ် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် Castrol Game Changer Award ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ကိုးလ်ပါးလ်မားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ မန်စီးတီး ကနေ ချဲလ်ဆီးကို ပေါင် ၃၆ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ပါးလ်မား အနေနဲ့ ချဲလ်ဆီးကို ရောက်ရောက်ချင်း ရာသီမှာတင်ပဲ အံ့ဩလောက်စရာ ခြေစွမ်းတွေ ထုတ်ဖော်ပြသနိုင်ခဲ့ပြီး Chelsea FC ကနေ Cole Palmer FC လို့တောင် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြတဲ့အထိ သူ့ရဲ့ စွမ်းဆောင်ရည်တွေက ချီးကျူးစရာ ဖြစ်ခဲ့တာပါ။ အချိန်တိုတွင်း ချဲလ်ဆီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာတဲ့ ပါးလ်မားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခဲ့ရာမှာ ၂၅ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ပါးလ်မား အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ ၂၂ ဂိုး သွင်းပြီး ၁၁ ကြိမ် ဖန်တီးကာ ဟာလန်း (၂၇ ဂိုး) ပြီးရင် ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ထူးခြားချက် ကတော့ ပါးလ်မားဟာ ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလထဲမှည စုစုပေါင်း ၇ ပွဲသာ ကစားခဲ့ရပေမယ့် ၁၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို သွင်းဂိုးတွေ ဖန်တီးမှုတွေနဲ့ ချဲလ်ဆီးကို ဆွဲတင်ပေးခဲ့တဲ့ ပါးလ်မားဟာ ယူနိုက်တက်နဲ့ ပွဲမှာ သူ့ရဲ့ လူငယ်ကစားသမားဘဝ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ဧပြီ (၄) ရက်နေ့က စတန်းဖို့ဒ်ဘရစ်ချ်မှာ ယူနိုက်တက်ကို (၄-၃) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ၉၉ မိနစ်နှင့် (၁၀၀) မိနစ်တွေမှာ ချဲလ်ဆီး အတွက် ပွဲအလှည့်အပြောင်း ဖြစ်စေမယ့် ရလဒ်ကို ဖန်တီးသွားခဲ့သူလည်း ဖြစ်ပါတယ်။

ဒီလို မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ သွင်းဂိုးတွေကြောင့် ပါးလ်မားဟာ ၂၀၂၃/၂၄ ဘောလုံးရာသီရဲ့ Castrol Game Changer Award ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုဟာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိခဲ့တဲ့ ကစားသမားတွေထဲကမှ တစ်ဦးတည်းကို ရွေးချယ်ပေးအပ်တဲ့ ဆုလည်း ဖြစ်ပါတယ်။ ဒီဆု အတွက် ပါးလ်မား အနေနဲ့ မန်စီးတီးက စတီဖန် အော်တီဂါ၊ ကီဗင် ဒီဘရွန်းနား၊ ယူနိုက်တက်က စကော့တ် မက်တော်မီနေး၊ အက်စတွန်ဗီလာက အိုလီဝက်ကင်န်၊ လစ်ဗာပူးလ်က ဒါဝင်နူးညက်ဇ်တို့နဲ့ ယှဉ်ပိုင်ခဲ့ရပြီး ထိုက်ထိုက်တန်တန် သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီ Castrol Game Changer Award ကိုတော့ ဘုန်းမောက်နဲ့ ပွဲမှာ နောက်ကျ အနိုင်ဂိုးကို လှလှပပ သွင်းယူသွားခဲ့တဲ့ အာဆင်နယ် တောင်ပံ တိုက်စစ် ကစားသမား ရီးလ် နဲလ်ဆင်က ရရှိထားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်