ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျွန် အိုဘီ မီခေးလ်က အန်ဇို ဖာနန်ဒက်စ်ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ခေါင်းဆောင်မှုပိုင်း အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ မီခေးလ်က လက်ရှိ အသင်းခေါင်းဆောင် အန်ဇို ဖာနန်ဒက်စ် အနေနဲ့ တခြား ကလပ်ကို ပြောင်းချင်နေတယ် ဆိုရင် အခုပဲ အသင်း ကနေ ထွက်ခွာသွားဖို့ ပြောဆိုလိုက်တာ ဖြစ်ပြီး အာဂျင်တီးနားသားဟာ ခေါင်းဆောင်မှု စွမ်းရည် ညံ့ဖျင်းသူ တစ်ယောက်လည်း ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အန်ဇိုရဲ့ အငြင်းပွားဖွယ် ပြောကြားချက်များ
အန်ဇို ဖာနန်ဒက်စ်ဟာ မကြာသေးခင်က ESPN Argentina နဲ့ အင်တာဗျူးမှာ “ဒီရာသီကုန်ရင် စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိမလား ဆိုတာ မသေချာပါဘူး” လို့ ပြောကြားခဲ့သလို၊ LuzuTV နဲ့ အင်တာဗျူး မှာလည်း “ကမ္ဘာပေါ်မှာ နေချင်တဲ့ မြို့ကို ရွေးချယ်ရမယ် ဆိုရင် မက်ဒရစ်မြို့ကို ရွေးချယ်မယ်။” ဆိုပြီး ပြောဆိုခဲ့တာပါ။
ဒီစကားတွေဟာ ချဲလ်ဆီး ပရိသတ်တွေ အကြားမှာ ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားပြီး ၂၀၂၆-၂၇ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရုန်းကန်နေရချိန်မှာ ဒီလိုပြောဆိုခဲ့တာကြောင့် ပိုပြီး ဒေါသထွက်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာလည်း ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါသေးတယ်။
မီခေးလ်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှု

လက်ရှိ ချဲလ်ဆီးရဲ့ ဒုတိယ အသင်း ခေါင်းဆောင် ဖြစ်တဲ့ အန်ဇိုက အသင်း အခက်အခဲ ဖြစ်နေချိန်မှာ အနာဂတ် အတွက် ဝေဝေဝါးဝါး ပြောဆိုနေတာကို မီခေးလ်က သူ့ရဲ့ “Obi One Podcast” မှာ အခုလို တုံ့ပြန်ခဲ့ပါတယ်။ “ဒါဟာ ခေါင်းဆောင် တစ်ယောက်ရဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။ တကယ်လို့ မင်းဟာ ကစားသမားတွေ လေးစားအားကျရတဲ့ ခေါင်းဆောင် တစ်ယောက်သာ ဆိုရင် ဒီလို စကားမျိုး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ အထူးသဖြင့် ချန်ပီယံလိဂ် ကနေ အရှက်တကွဲ ထွက်ခဲ့ရပြီးမှ အသင်းခေါင်းဆောင် လက်ပတ် ပတ်ထားတဲ့သူက ဒီလိုမပြောသင့်ဘူး။” လို့ မီခေးလ်က ဆိုပါတယ်။
ဆက်လက်ပြီး မီခေးလ်က “ဘယ်ကစားသမားမှ ကလပ် အသင်းထက် မကြီးမြတ်ပါဘူး။ တကယ်လို့ သူ စိတ်ကုန်နေပြီ ဆိုရင်လည်း လက်ထောင်ပြီး ထွက်သွားလိုက်တော့။ ငါတို့ ရှေ့ဆက်ရမှာပဲ။ ချဲလ်ဆီးလို အသင်းကြီးမှာ ကစားနေရတာကို ကျေးဇူးတင်သင့်တယ်။ မင်းတို့ရဲ့ လစာကို ပေးနေတာဟာ ပရိသတ်တွေ ဖြစ်တယ် ဆိုတာကို သတိရပြီး အသင်းရဲ့ အမှတ်တံဆိပ်နဲ့ ပရိသတ်တွေကို လေးစားရမယ်။” လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။
အန်ဇိုရဲ့ ချဲလ်ဆီး ကစားသမားဘဝ မှတ်တမ်း
အန်ဇို ဖာနန်ဒက်စ်ဟာ ချဲလ်ဆီး အသင်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးကတည်းက အသင်း အတွက် ၄၆ ပွဲနဲ့ အများဆုံး ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။ ဒီရာသီမှာ သူဟာ ၁၂ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၆ ကြိမ် (စုစုပေါင်း ၁၈ ကြိမ်) ပြုလုပ်ထားရာ အသင်းဖော် ယာအို ပက်ဒရို တစ်ဦးတည်းသာ သူ့ထက် ဂိုးပါဝင် ပတ်သက်မှု ပိုများနေပါတယ်။
ချဲလ်ဆီးဟာ လာမယ့် စနေနေ့မှာ ပို့တ်ဗေးလ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့ မှာတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


