နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အသင်းရဲ့ အမှားတွေကြောင့် ဆောက်သမ်တန်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ အပေါ် ပါကင်ဆန် ငြီးတွား | ချန်ပီယံရှစ်

ဒီကနေ့ ဆောက်သမ်တန် ကတော့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ရက်စ်ဟမ်းကို ဂိုးပြတ် အနိုင်ယူပြီး ခြေစွမ်းပြမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စိန့် တို့ဟာ ချန်ပီယံရှစ် ပလေးအော့ဖ် အဆင့် အတွင်း ကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။

ရက်စ်ဟမ်းဟာ ချန်ပီယံရှစ် ပွဲစဉ်မှာ ဆောက်သမ်တန်ကို ၅-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပလေးအော့ဖ် ဝင်ခွင့် နေရာ ကနေပါ လျောကျသွားခဲ့ပါတယ်။ အသင်းရဲ့ အမှားတွေကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာ ဖြစ်တယ်လို့ နည်းပြ ဖီးလ် ပါကင်ဆန်က ပွဲအပြီးမှာလည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို အနိုင်ယူပြီး ခြေစွမ်း တက်နေတဲ့ ဆောက်သမ်တန်ဟာ အခုနိုင်ပွဲကြောင့် ရက်စ်ဟမ်းကို ကျော်ဖြတ်ကာ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ရက်စ်ဟမ်းထက် ၂ မှတ် အသာ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဆောက်သမ်တန်က ပွဲစကတည်းက ဖိအားပေး ကစားခဲ့ပြီး ပွဲကစားချိန် ၂၂ မိနစ် အတွင်း မှာတင် ကူရီယူ မတ်ဆူကီနဲ့ ဖလင်း ဒေါင်းန်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရက်စ်ဟမ်း အတွက် ချေပဂိုးကို ဂျော့ရှ် ဝင်းဒက်စ်က ပထမပိုင်း မပြီးခင် ၁၁ မိနစ် အလိုမှာ သွင်းယူပေးခဲ့ပေမယ့်၊ ပွဲကစားချိန် မိနစ် ၆၀ ကျော်မှာ ရက်စ်ဟမ်းရဲ့ ပေးပို့မှု အမှား ကနေ တဆင့် ကိုင်လာရင် ဆောက်သမ်တန် အတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီး ၁၀ မိနစ် အလို မှာတော့ ရော့စ် စတီးဝပ်နဲ့ ဖင်န် အာဇက်ဇ် တို့က နောက်ထပ် ဂိုးတွေ ထပ်မံ သွင်းယူခဲ့တာကြောင့် ဆောက်သမ်တန်တို့ ၅-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့အတူ ပလေးအော့ဖ် အောင်ပွဲအတွက် အခြေအနေကောင်း သွားခဲ့ပါတယ်။

 

နည်းပြတွေရဲ့ မှတ်ချက်များ

ရက်စ်ဟမ်း နည်းပြ ဖီးလ် ပါကင်ဆန်က “ကျွန်တော် ဒီအသင်းကို ရောက်ကတည်းက ဒီလိုပွဲမျိုး သိပ်မကြုံဖူးပါဘူး။ ဒီညလိုမျိုး အခွင့်အရေးတွေကို ပြိုင်ဘက်ကောင်းတွေဆီ ပုံပေးလိုက်လို့ မရပါဘူး။ သူတို့က အသင်းကောင်း တစ်သင်း ဖြစ်ပြီး ကျွန်တော် တို့ကို ထိထိရောက်ရောက် အပြစ်ပေးသွားတာပါ။ လို့ ဆိုပါတယ်။

ဆောက်သမ်တန် နည်းပြ တိုဒါ အက်ကာ့တ် ကတော့ “အသင်းမှာ ကစားသမား အပြောင်းအလဲ ၆ ဦး အထိ လုပ်ခဲ့လို့ လန်းလန်းဆန်းဆန်း ရှိနေတာက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ပွဲစကတည်းက ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ်တယ် ဆိုတာ သိထားတဲ့ အတိုင်း ပထမ ၂၀-၂၅ မိနစ်မှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဆောက်သမ်တန်ဟာ ရက်စ်ဟမ်း ကွင်းမှာ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဂိုးရနိုင်ခြေ (xG) ၂.၆ ရှိခဲ့ပါတယ်။ ၎င်းတို့ရဲ့ ကန်ချက် ၉ ကြိမ်က ဂိုးပေါက်တည့်ခဲ့ပြီး ၃ ကြိမ် ကတော့ ဂိုးတိုင်ထိခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ အခုဆိုရင် ချန်ပီယံရှစ် ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ ဆောက်သမ်တန်ဟာ တခြား ပလေးအော့ဖ် မျှော်လင့်ချက် ရှိနေတဲ့ အသင်းတွေထက် တစ်ပွဲလျော့ ကစားထားရသေးတာကြောင့် ပရီးမီးယားလိဂ်ဆီ တိုက်ရိုက် ပြန်လည် တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားပြီလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း ရက်စ်ဟမ်း အတွက် ကတော့ ဒါဟာ လက်ရှိရာသီ အတွင်း ဂိုးအပြတ်ဆုံး ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ် တစ်ပွဲလည်း ဖြစ်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်