စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီ ကတော့ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးက သူ့ကို စာချုပ်သစ် ထပ်မံ ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။
မက်ဒရစ်မြို့သား ဖြစ်တဲ့ ရိုဒရီက ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ တံခါး လုံးဝပိတ်မထားကြောင်းနဲ့ တစ်နေ့မှာ စပိန်သို့ ပြန်ကာ လာလီဂါ မှာသာ ကစားလိုကြောင်း ဝန်ခံထားခဲ့တာပါ။ ဒီလို ပြောကြားခဲ့တာကြောင့် မန်စီးတီး ပရိသတ်တွေ အကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေခဲ့ပြီး မန်စီးတီး တာဝန်ရှိသူတွေ ကလည်း စပိန်သားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ရိုဒရီက မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်စီးတီးက အသက် ၂၉ နှစ် အရွယ် ရိုဒရီကို စာချုပ်သစ် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဆုံးဖြတ်ချက်က ရိုဒရီရဲ့ လက်ထဲမှာသာ ရှိနေပြီး သူ့အနေနဲ့ အီတီဟတ်မှာ ဆက်နေမလား ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မလား ဆိုတာ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
အကယ်၍ ရိုဒရီသာ စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ရင် ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့၊ နောက်တစ်ခုက စာချုပ်သက်တမ်းကုန်ဆုံးချိန် အထိ ဆက်နေပြီး လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဖြစ်ပါတယ်။ သတင်းတွေအရ အကယ်၍ ရိုဒရီသာ ဒီနွေရာသီမှာ ထွက်ခွာလိုရင် မန်စီးတီး အနေနဲ့ အလွန်များပြားသော ပြောင်းရွှေ့ကြေးကို တောင်းဆိုမှာ ဖြစ်ပါတယ်။ ရိုဒရီက လက်ရှိမှာ ကြံ့ခိုင်မှုပိုင်းနဲ့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေမှုတွေ ရှိနေပေမယ့်လည်း “ကြီးမားတဲ့ ပြောင်းရွှေ့ကြေး” ရမှပဲ ရောင်းချမှာ ဖြစ်ကြောင်း ရိုမာနိုက ဖော်ပြထားပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ နောက်ပိုင်း နှစ်တွေမှာ နာမည်ကြီး ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူလေ့ ရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဒဏ်ရာ ရာဇဝင် ရှိပြီး အသက်အရွယ် ရလာတဲ့ ကွင်းလယ်လူ တစ်ဦး အတွက် ငွေအမြောက်အမြား အသုံးပြုဖို့ ရီးရဲလ်မက်ဒရစ် ဘက်က တွန့်ဆုတ်နေနိုင်ပြီး ရိုဒရီရဲ့ ခြေစွမ်းကျဆင်းမှုကို အခွင့်ကောင်းယူကာ ဈေးနှိမ်ဖို့သာ ကြိုးပမ်းဖွယ် ရှိနေပါတယ်။
လာလီဂါ ကလပ် ဘက်က စိတ်ဝင်စားမှု ပြခဲ့တဲ့ ကစားသမားက ရိုဒရီ တစ်ဦးတည်း မဟုတ်ပါဘူး။ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် ကလည်း စပိန်မှာ နေထိုင်လိုကြောင်းနဲ့ အထူးသဖြင့် မက်ဒရစ် ကိုသာ သွားလိုကြောင်း ပြောကြားထားခဲ့ပါတယ်။ အန်ဇိုရဲ့ ပြောကြားချက်တွေကြောင့် ချဲလ်ဆီး နည်းပြ လီယမ် ရိုဆင်နီယာနဲ့ ကလပ် တာဝန်ရှိသူတွေက စိတ်ပျက်ခဲ့ကြပြီး သူ့ကို လာမယ့် ပို့တ်ဗေးလ်နဲ့ အက်ဖ်အေဖလား ပွဲ၊ မန်စီးတီးနဲ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လူစာရင်း ကနေ ချန်လှပ်ထားခဲ့ပါတယ်။
အကယ်၍ ချဲလ်ဆီးမှာ အန်ဇိုရဲ့ အခြေအနေ ပိုမိုဆိုးရွားလာတာက ရီးရဲလ်မက်ဒရစ် အတွက် ရိုဒရီရဲ့ နေရာမှာ အစားထိုးနိုင်မယ့် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ အန်ဇို အတွက် အသုံးပြုရမယ့် ပြောင်းရွှေ့ကြေးမှာ ရိုဒရီထက် ပိုမိုများပြားနိုင်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ သူတို့ရဲ့ အိပ်မက် ပစ်မှတ် ဖြစ်နေရင်တော့ ငွေကြေး အမြောက်အမြား အသုံးပြုဖို့ ဝန်လေးနေမယ့် အသင်း မဟုတ်ပါဘူး။
အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အနေနဲ့ သူတို့ရဲ့ အနာဂတ် ကွင်းလယ် အတွက် ရိုဒရီနဲ့ အစားထိုးမလား ဒါမှမဟုတ် အန်ဇို ကိုပဲ ရွေးချယ်သွားမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


