နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လီဝမ်ဒေါစကီးရဲ့ နောက်ကျဂိုးနဲ့ ချန်ပီယံဆုဆီ ခြေတစ်လှမ်း ရှေ့တိုးခဲ့တဲ့ ဘာစီလိုနာ | လာလီဂါ

ဘာစီလိုနာ ဘာစီလိုနာ ကတော့ ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘာဆာက ရောဘတ် လီဝမ်ဒေါစကီးရဲ့ အဖိုးတန် အနိုင်ဂိုးနဲ့ မက်ထရိုပိုလီတာနိုမှာ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပြီး ဇယားထိပ် ကနေ ၇ မှတ် အထိ ဖြတ်နိုင်ခဲ့ပြီးနောက် လာလီဂါ ဖလားကို အရယူနိုင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

ပွဲကစားချိန် ၈၇ မိနစ်မှာ သွင်းယူခဲ့တဲ့ လီဝမ်ဒေါစကီးရဲ့ အနိုင်ဂိုးကြောင့် ဘာစီလိုနာဟာ တစ်ယောက်လျော့ အက်တလက်တီကိုမက်ဒရစ်ကို အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၇ မှတ် အထိ ဖြတ်ကာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေပါတယ်။ စနေနေ့ အစောပိုင်း ပွဲစဉ်မှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်တို့ မာယော့ကာကို နာကျင် အချိန်ပိုဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း အတွက် အမှတ်ဖြတ်ဖို့ အခွင့်အရေးကောင်း ရခဲ့တာပါ။ အက်တလက်တီကို အတွက် ဂီအူလီယာနို ဆီမြွန်နီက ဦးဆောင်ဂိုး အရင် သွင်းခဲ့ပေမဲ့ ဘာစီလိုနာတို့ နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာ အတွက် ချေပဂိုး ချက်ချင်း ပြန်သွင်းပေးခဲ့သလို၊ အက်တလက်တီကို ဘက်က နီကိုလက်စ် ဂွန်ဇာလက်စ်ဟာ လာမင်း ယာမယ်ကို Last Defender အဖြစ် ဖျက်ထုတ်ခဲ့လို့ အနီကပ်ပြခံခဲ့ရကာ ဘာစီလိုနာတို့ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက် အသာနဲ့ ကစားခဲ့ရပါတယ်။ ဒုတိယပိုင်းအစမှာ ဘာစီလိုနာ နောက်ခံလူ ဂျရတ် မာတင် အနီကတ် ပြခံခဲ့ရပေမယ့် VAR ကြောင့် ပြန်လည် ပယ်ဖျက်ပေးခဲ့လို့ ဘာစီလိုနာတို့ ကံကောင်းခဲ့ပြီး ပွဲပြီးခါနီးမှာ လီဝမ်ဒေါစကီးက တိုက်တိုက်ဆိုင်ဆိုင်ပဲ အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစ ၁၁ မိနစ်မှာပဲ အက်တလက်တီကိုမက်ဒရစ်တို့ ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ရာသီကုန်မှာ အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့တော့မယ့် အန်တွန် ဂရစ်ဇ်မန်းဟာ ကစားသမား နှစ်ဦးကို ကျော်ဖြတ်ပြီး အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးသမား ယိုအန် ဂါစီယာ ဆီပဲ တည့်တည့်ကန်မိခဲ့ပါတယ်။ အခြား တစ်ဖက် မှာလည်း ဘာစီလိုနာ အတွက် ယာမယ်ရဲ့ ဖန်တီးမှု ကနေ ဖာမင်း လိုပက်ဇ်ရဲ့ ကန်ချက် လွဲချော်ခဲ့သလို၊ ယာမယ် ကိုယ်တိုင် ကန်သွင်းခဲ့တဲ့ ဘောလုံး ကလည်း ဂိုးဘားတန်း ထိမှန်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီရာသီ လာလီဂါမှာ ဂိုးအရင် ပေးထားရတဲ့ အနေအထား ကနေ ပြန်လည် အနိုင်ယူပြီး ရမှတ် ၂၁ မှတ် အထိ စုဆောင်းနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဆက်လက် တွေ့ဆုံကြမယ့် ဘာစိလိုနာနဲ့ အက်တလက်တီကို

ပွဲချိန် ၃၉ မိနစ် မှာတော့ လန်းဂ်လတ်ရဲ့ ပေးပို့မှု ကနေ ဆီမြွန်နီက အက်တလက်တီကို အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၃ မိနစ် အကြာမှာပဲ ရက်ရှ်ဖို့ဒ်က ဒန်နီ အော်လမိုနဲ့ အပေးအယူ လုပ်ပြီး ဂိုးသမားရဲ့ ခြေထောက်ကြား ကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ အက်တလက်တီကို အတွက် နစ်နာမှု ဖြစ်ခဲ့ပါတယ်။ ယာမယ်ကို ဂွန်ဇာလက်စ်က Last Defender အဖြစ် ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။ ဒုတိယပိုင်းအစ စက္ကန့် ၄၅ မှာပဲ ဘာစီလိုနာ နောက်ခံလူ ဂျရတ် မာတင်ဟာ အဲလ်မာဒါရဲ့ ခြေကျင်းဝတ်ကို နင်းခဲ့လို့ အနီကတ်ပြခံခဲ့ရပေမယ့် VAR က ပြန်လည် ပယ်ဖျက်ပေးခဲ့တာကြောင့် အက်တလက်တီကို ကစားသမားတွေ အလွန်အမင်း ဒေါသထွက်ခဲ့ကြပါတယ်။

အက်တလက်တီကို ဂိုးသမား မူဆိုဟာ ဖာရန်း တောရက်စ်ရဲ့ ကန်ချက်တွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ယာအို ကန်ဆယ်လိုရဲ့ ကန်ချက်ကို ပုတ်ထုတ်ရာမှာ လီဝမ်ဒေါစကီးရဲ့ ပုခုံးနဲ့ ထိမှန်ပြီး ဂိုးထဲဝင်သွားခဲ့တာကြောင့် ဘာစီလိုနာတို့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ 

လာလီဂါ သမိုင်းတစ်လျှောက်မှာ ရာသီကုန်ဖို့ ၈ ပွဲ အလိုမှာ ဇယားထိပ်က အသင်းနဲ့ ၇ မှတ် အထိ ပြတ်နေတဲ့ အသင်းမျိုး ဖလားရခဲ့ဖူးတာ မရှိသေးပါဘူး။ ဒါဟာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း အတွက် သတင်းကောင်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အတွက်တော့ ခက်ခဲတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။ ဘာစီလိုနာဟာ ဒီရာသီ လာလီဂါမှာ ဂိုးအရင် ပေးထားရတဲ့ အနေအထား ကနေ ပြန်လည် အနိုင်ယူပြီး ရမှတ် ၂၁ မှတ် အထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ဥရောပ ထိပ်သီး လိဂ် ၅ ခုမှာ ဘေယန်မြူးနစ် (၂၂ မှတ်) တစ်သင်းပဲ သူတို့ထက် ပိုများပါတယ်။

ဒါ့အပြင် အခုပွဲမှာ ဘာစီလိုနာဟာ တစ်ယောက်အသာနဲ့ ကစားရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဂိုးပေါက် ကန်ချက် ၂၂ ကြိမ် အထိ ရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၂.၂၂ အထိ ရှိခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ကန်ချက် ၆ ကြိမ်နဲ့ (xG) ၀.၉၂ သာ ရှိခဲ့ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် နူးကမ့်ပ်ကွင်းမှာ ထပ်မံ ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်