နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂရစ်ဇ်မန်း နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေတဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် ကတော့ အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ကစားသမား ၃ ဦးကို ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။  

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် ဝါရင့် တိုက်စစ် ကစားသမား ဂရစ်ဇ်မန်းဟာ လာမယ့် ၂၀၂၆ ခုနှစ် နွေရာသီမှာ အက်တလက်တီကိုမက်ဒရစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်က ဂရစ်ဇ်မန်းကို သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ စိတ်တိုင်းကျ ဆုံးဖြတ်ခွင့် ပြုထားတယ်လို့ သိရပါတယ်။ စပိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ ပြင်သစ်သားက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာဖို့ အတွက် အက်တလက်တီကိုမက်ဒရစ် တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ သိရသည်။ 

ရီးရဲလ်ဆိုစီဒက်မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ် အထိ ၆ ရာသီ အတွင်း ၂၀၁ ပွဲ ကစားကာ ၅၂ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ် မှာတော့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ကစားကာ ၅ နှစ်တာ အတွင်း ပွဲပေါင်း ၂၅၇ ပွဲ ကစားကာ ၁၃၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို အက်တလက်တီကိုမက်ဒရစ်နဲ့ အတူ အကောင်းဆုံး တောက်ပနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းကို ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာက ခေါ်ယူခဲ့ပါတယ်။ ပြင်သစ်သားက ဘာစီလိုနာ မှာတော့ ရုန်းကန်ခဲ့ရပြီး ၂၀၂၁ ခုနှစ် မှာတော့ အက်တလက်တီကိုမက်ဒရစ်ကို အငှားနဲ့ တကျော့ပြန် ကစားခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ဂရစ်ဇ်မန်းက ပုံမှန် ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့တာကြောင့် အက်တလက်တီကိုက အပြီးသတ် ခေါ်ယူခဲ့ပြီး လက်ရှိ အချိန်မှာတော့ ပွဲပေါင်း ၁၆၆ ပွဲ အထိ ကစားထားကာ ၆၃ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။ 

ဒါကြောင့် အတ္တလန္တာ တိုက်စစ်မှူး လွတ်ခ်မန်း ကတော့ လာလီဂါ ကလပ်က ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေ အများဆုံးလည်း ဖြစ်ပါတယ်။
ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အန်တွန် ဂရစ်ဇ်မန်း

လက်ရှိ မှာတော့ အသင်းမှာ အနာဂတ် မသေချာတော့တဲ့ ဂရစ်ဇ်မန်း နေရာမှာ အစားထိုးဖို့ အတွက် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေပြီ ဖြစ်ပြီး အင်တာမီလန် တိုက်စစ်မှူး လော်တာရိုး မာတီနက်ဇ်၊ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်နဲ့ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်း တို့ကို ချိန်ရွယ်နေတာ ဖြစ်ပါတယ်။ ဒီ တိုက်စစ်မှူး ၃ ဦးထဲမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရဖို့ ရှိနေတဲ့ အလက်ဇန္တား အိဆက်ခ် ကတော့ ဖြစ်နိုင်ချေ တော်တော်လေး နည်းနေသလို လော်တာရိုး မာတီနက်ဇ် ကလည်း အင်တာမီလန် အတွက် အရေးပါသူ ဖြစ်နေပါတယ်။ ဒါကြောင့် အတ္တလန္တာ တိုက်စစ်မှူး လွတ်ခ်မန်း ကတော့ လာလီဂါ ကလပ်က ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေ အများဆုံးလည်း ဖြစ်ပါတယ်။ တချို့သော သတင်းတွေ မှာတော့ အက်တလက်တီကို မက်ဒရစ်က လာလီဂါ ပြိုင်ဘက် ဘာစီလိုနာနဲ့ အပြိုင် ခရစ္စတယ်ပဲလေ့စ်ရဲ့ ပြင်သစ် တိုက်စစ်မှူး ဂျင်းန် ဖီးလစ် မက်တေးတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အန်တွန် ဂရစ်ဇ်မန်းဟာ လာမယ့် နွေရာသီမှာ အမေရိကန် မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားဖွယ် ရှိနေပြီးတော့ သူ့ကို အင်တာမိုင်ယာမီ အပါအဝင် မေဂျာလိဂ် ကလပ် များစွာ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မေဂျာလိဂ် ကလပ်တွေဟာ လိဂ် အဆင့် အတန်းကို မြှင့်တင်ဖို့ အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့က စပြီး ထိပ်တန်း အဆင့် ရှိတဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူ အားဖြည့်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်