မန်ချက်စတာစီးတီး – လစ်ဗာပူးလ်
အက်ဖ်အေဖလား ကွာတားဖိုင်နယ်ရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးက လစ်ဗာပူးလ်ကို အက်တီဟတ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အဲဒီပွဲမှာ မန်စီးတီးက ဘာနာဒို ဆေးလ်ဗား၊ အာလင်း ဟာလန်း တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ ကိုးမှတ်အကွာ အထိ ပြတ်သွားခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ထွက်ခဲ့ရတာကြောင့် မန်စီးတီးရဲ့ ဒီရာသီက အားရစရာ သိပ်မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပြီး မန်စီးတီးရဲ့ စိတ်အားထက်သန်မှုတွေကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒီအောင်မြင်မှုဟာ ဂွါဒီယိုလာ အတွက် နည်းပြဘဝ တစ်လျှောက် ၄၀ ကြိမ်မြောက် အဓိက ဆုဖလား ရရှိမှုလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ ရှေ့မှာ ချဲလ်ဆီး၊ အာဆင်နယ် တို့နဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားရဖို့ ရှိနေပေမယ့် သူတို့ရဲ့ လတ်တလော အာရုံစိုက်မှု ကတော့ လစ်ဗာပူးလ်နဲ့ အခုကစားမယ့် အက်ဖ်အေဖလား ပွဲစဉ်ပဲ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ၈ ရာသီ ဆက်တိုက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် စံချိန်သစ်ကို ရယူဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ တကယ်တော့ မန်စီးတီးဟာ အက်ဖ်အေဖလားမှာ အစဉ်အလာကောင်းတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၂၁ ပွဲမှာ ၁၉ ပွဲ အထိ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့လကလည်း နယူးကာဆယ်ကို ၃-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လာခဲ့တာပါ။ သူတို့ရဲ့ တစ်ခုတည်းသော ရှုံးနိမ့်မှုတွေ ကတော့ ၂၀၂၄ နဲ့ ၂၀၂၅ ဗိုလ်လုပွဲတွေမှာ ယူနိုက်တက်နဲ့ ပဲလေ့စ် တို့ကို ရှုံးခဲ့တာပဲ ဖြစ်ပါတယ်။
လစ်ဗာပူးလ်
တစ်ဖက် မှာလည်း လစ်ဗာပူးလ် အတွက်တော့ အီဂျစ်ဘုရင် မိုဟာမက်ဆာလာ တစ်ယောက် ဒီရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ ကြေညာပြီး နောက်ပိုင်း ပထမဆုံး ကစားရမယ့် ပွဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ဆာလာဟာ ဒဏ်ရာကြောင့် ဘရိုက်တန်ကို ရှုံးခဲ့တဲ့ ပွဲကို လွဲချော်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ရာသီမကုန်ခင် ပြိုင်ပွဲသုံးခုမှာ အနည်းဆုံး (၁၀) ပွဲလောက် ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၅ သင်း စာရင်းဝင်ဖို့က ဦးစားပေး ဖြစ်ပေမယ့် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်မှာ ခရီးဆက်နိုင်ဖို့ကလည်း နည်းပြ အာနေး ဆလော့တ်ရဲ့ ရေရှည် အနာဂတ်အတွက် အရေးပါနေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ မကစားခင်မှာ လစ်ဗာပူးလ်ဟာ ဒီရာသီ သူတို့ကို လိဂ်မှာ နှစ်ကျော့စလုံး အနိုင်ယူထားတဲ့ မန်စီးတီးကို ရင်ဆိုင်ရမှာပါ။ အကယ်၍ မန်စီးတီးသာ ထပ်နိုင်ရင်တော့ ဒီရာသီမှာ လစ်ဗာပူးလ်ကို သုံးကြိမ်ဆက် အနိုင်ယူနိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ မန်စီးတီး ဘက်က ဂျွန် စတုန်းစ်၊ ဂဗာဒီယိုလ်၊ ရူဘင် ဒီးရာ့စ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ ဖရင်မ်ပေါင်၊ အိဆက်ခ်၊ ဘက်ဂျ်စီတစ်၊ အလီဆွန်၊ ဘရက်ဒ်လီ၊ လီယွန်နီ၊ အန်ဒို အပြင် ခီယေဇာလည်း လွဲချော်ဖို့ များနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ နူနက်စ်၊ ကူဆာနော့ဗ်၊ ဂူဟီ၊ အစ်နျူရီ၊ ဘာနာဒို၊ ရိုဒရီ၊ အိုရွိုင်လီ၊ ဆီမီညို၊ ဟာလန်း၊ ချာကီ
လစ်ဗာပူးလ် – မာမာဒက်ရှ်ဗီလီ၊ ဆို့ဘို့ဇ်ဆလိုင်း၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဆာလာ၊ ဗစ်ဇ်၊ ဂက်ခ်ပို၊ အစ်ကီတီကေး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
မန်စီးတီးဟာ အက်ဖ်အေဖလား အိမ်ကွင်း ပွဲစဉ် ၁၇ ပွဲဆက် အနိုင်ရရှိထားပြီး နောက်ဆုံး ရှုံးခဲ့တာက ၂၀၁၅ ခုနှစ်က မစ်ဒယ်ဘရော့နဲ့ ပွဲစဉ် ဖြစ်ပါတယ်။ အကယ်၍ လစ်ဗာပူးလ် ကိုသာ ထပ်မံ အနိုင်ရခဲ့ရင် ကလပ်ဟမ်ရိုဗာ အသင်းရဲ့ (၁၈၇၃-၁၈၈၁) ခုနှစ်ကြားက ၁၇ ပွဲဆက် အိမ်ကွင်း နိုင်ပွဲ စံချိန်ကို ကျော်ဖြတ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အိမ်ကွင်း နိုင်ပွဲ အများဆုံး အသင်း ဖြစ်လာမှာပါ။ ဒါပေမယ့် လစ်ဗာပူးလ် အတွက် အားတက်စရာကတော့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ မန်စီးတီးကွင်းကို သွားကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်စလုံး အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့ လက ဝုဗ်ကို ၃-၁ နဲ့ အနိုင်ယူခဲ့တဲ့ လစ်ဗာပူးလ်ဟာ အခုပွဲကိုသာ အနိုင်ရရင်တော့ ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်း ဒုတိယအကြိမ်မြောက်နဲ့၊ ၂၀၂၂ ခုနှစ် ကလော့ပ် လက်ထက် ဗိုလ်စွဲခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၈၀ ဆ ရမှာ ဖြစ်ပြီး လစ်ဗာပူးလ် နိုင်ရင်တော့ ၃.၆၉ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၆၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ် တို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု (၁၉) ကြိမ်မှာ (၁၈) ကြိမ် အထိ အနည်းဆုံး နှစ်ဂိုးနဲ့ အထက် ထွက်ပေါ်ခဲ့တာကြောင့် အခုလာမယ့် သီတင်းပတ်ကုန် မှာလည်း ရင်းနှီးပြီးသား ပြိုင်ဘက်ဟောင်း နှစ်သင်း အကြား စိတ်လှုပ်ရှားစရာ ကစားကွက်တွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒီပွဲမှာ ဆာလာ ပါဝင်လာဖို့ မသေချာသေးပေမယ့် လစ်ဗာပူးလ်မှာ အိမ်ရှင် စီးတီးကို အန္တရာယ်ပေးနိုင်တဲ့ တိုက်စစ် ကစားသမားကောင်းတွေ အများအပြား ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း မန်စီးတီးရဲ့ ထူးခြား ပြောင်မြောက်လှတဲ့ အိမ်ကွင်း ခြေစွမ်းကို လျစ်လျူရှုထားဖို့ ခက်ခဲပါတယ်။ ဒါကြောင့် လတ်တလော ခရာဘောင်ဖလားမှာ ဗိုလ်စွဲထားတဲ့ အရှိန်အဟုန်နဲ့အတူ ဂွါဒီယိုလာတို့ အုပ်စု ကပဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားဖို့ များနေပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၂-၁ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


