ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ နှစ်ဂိုးပြတ် ရှုံးနိမ့်မှု ကနေ ပြန်လည် ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လူငယ် ကြယ်ပွင့်လေး လာမင်း ယာမယ် ကတော့ အိမ်မက် ကြီးကြီးမားမား မက်နေပါတယ်။
ဘာစီလိုနာရဲ့ ဆီမီးဖိုင်နယ် မျှော်လင့်ချက်တွေဟာ သူ့တစ်ဦးတည်း အပေါ်မှာပဲ မူတည်နေတာမဟုတ်ဘူးလို့ ယာမယ်က ဆိုခဲ့ပေမယ့် အက်တလက်တီကိုမက်ဒရစ်နဲ့ ပွဲမှာ သူ ဦးဆောင် တာဝန်ယူရမှာ ကိုတော့ ပျော်ရွှင်လျက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ တပတ် နူးကမ့်ပ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ပါအူ ကူဘာဆီ အနီကတ်ပြခံခဲ့ရပြီးနောက် ဘာစီလိုနာဟာ ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ အလက်ဇန္တား ဆောလော့သ် တို့ရဲ့ ဂိုးတွေကြောင့် ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ ဆိုရင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ရှုံးထွက် အဆင့် ပထမအကျော့ မိမိအိမ်ကွင်းမှာ ၂ ဂိုး သို့မဟုတ် ၂ ဂိုးထက် ပိုပြီး ရှုံးနိမ့်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၁၉၄ ကြိမ် ရှိခဲ့ရာမှာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ၂ ကြိမ်သာ ရှိပါသေးတယ်။ အဲဒီ နှစ်ကြိမ် ကတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်က ပီအက်စ်ဂျီကို ကျော်ဖြတ်ခဲ့တာနဲ့ ၁၉၆၈-၆၉ ရာသီက အေဂျက်စ်က ဘင်ဖီကာကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် အရွယ်သာ ရှိနေသေးတဲ့ ယာမယ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ အတွက် အဓိကကျတဲ့ ကစားသမား ဖြစ်နေပါတယ်။ စပိန် ဆယ်ကျော်သက်လေးက အောင်မြင်တဲ့ ဘောလုံးဆွဲယူမှု (၃၇ ကြိမ်) နဲ့ ဂိုးကန်သွင်းမှု (၃၂ ကြိမ်) နဲ့ အသင်း အတွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် သူက အခွင့်အရေး ဖန်တီးမှု အကြိမ် ၂၀ နဲ့လည်း အသင်းမှာ အများဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် ဂိုးပါဝင် ပတ်သက်မှု မှာတော့ ၉ ဂိုး (၅ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) ရှိထားပြီး ဖာမင်း လိုပက်ဇ် (၁၀ ဂိုး) ပြီးရင် ဒုတိယ အများဆုံး ဖြစ်နေပါတယ်။
လက်ရှိ သူ့ အပေါ် ကျရောက်နေတဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီးတော့ ယာမယ်က အခုလိုပဲ ပြောပါတယ်။ “ကံကောင်းတာက ကျွန်တော် ဘာစီလိုနာမှာ ကစားနေတာ ဖြစ်ပြီး ကျွန်တော်တို့ ဆီမှာ အရည်အချင်း ရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ အရာအားလုံးက ကျွန်တော့် အပေါ်မှာပဲ မူတည်နေတယ်လို့ မထင်ပါဘူး။ တကယ်လို့ မူတည်နေတယ် ဆိုရင်တောင် ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့် အသင်းကို ကျွန်တော် ယုံကြည်ပါတယ်။”
“ငယ်ငယ်လေးကတည်းက ကျွန်တော်ဟာ တတ်နိုင်တာထက် ပိုတဲ့ တာဝန်တွေကို ယူခဲ့ရတာကြောင့် ဒါကို ကျင့်သားရနေပါပြီ။ ဒါကို ပြဿနာလို့ မမြင်ဘဲ အားသာချက် တစ်ခု လို့ပဲ မြင်ပါတယ်။ အသင်းဖော်တွေက ကျွန်တော့် အပေါ် ယုံကြည်မှုပေးတာ ကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ ယာမယ်က ပြောပါတယ်။
ဘာစီလိုနာရဲ့ ကစားကွက် ပုံစံ (High Line) ကြောင့် ပထမအကျော့မှာ ကူဘာဆီ အနီကတ် ပြခံခဲ့ရတယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ သူ့ရဲ့ နည်းဗျူဟာကို ပြောင်းလဲဖို့ အစီအစဉ် မရှိကြောင်း အတည်ပြုခဲ့ပါတယ်။ “ကျွန်တော် မစိုးရိမ်ပါဘူး။ ဒါဟာ ကျွန်တော် တို့ရဲ့ ကစားဟန်ပါ။ ကျွန်တော်တို့ ပိုကောင်းအောင် ခုခံ ကာကွယ်နိုင်ပါတယ်၊ ဒါပေမယ့် အသင်းလိုက် အပေါ်မှာပဲ မူတည်ပါတယ်။ လူတိုင်းက စုစည်းမှုရှိရှိနဲ့ အသင်းလိုက် ခုခံဖို့ လိုပါတယ်။ ဘောလုံး မရှိတဲ့ အချိန်မှာ နေရာလွတ်တွေကို ပိတ်ဆို့ပြီး ပိုပြီး ကျစ်ကျစ်လျစ်လျစ် ရှိအောင် ကစားရမှာပါ။ ကျွန်တော်တို့ ဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပါတယ်။” လို့ ဖလစ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် တက်ဖို့ မလွယ်ကူပေမယ့် လာလီဂါ မှာတော့ ချန်ပီယံ ဖြစ်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


