နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကစားသမားတွေက နည်းပြ ဆလော့တ် အပေါ် ယုံကြည်မှု ရှိနေဆဲပါ” ဆိုတဲ့ ဗစ်ဇ် | ချန်ပီယံလိဂ်

လစ်ဗာပူးလ် ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး နည်းပြ အာနေး ဆလော့တ် အပေါ် မှာလည်း ဖိအားတွေ ပိုမို များပြားလာနေပါတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ပီအက်စ်ဂျီနဲ့ မကစားမီမှာ နည်းပြ အာနေး ဆလော့တ် အပေါ် ကစားသမားတွေက ကျောခိုင်းနေကြပြီ ဆိုတဲ့ သတင်းတွေကို ကွင်းလယ်လူ ဖလော်ရီယန် ဗစ်ဇ်က ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ မန်စီးတီးကို ၄-၀ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အန်ဖီးလ်မှာ ဆလော့တ် အပေါ် ဖိအားတွေ တိုးလာခဲ့တာပါ။ ဒီရာသီ လစ်ဗာပူးလ် အတွက် ဆုဖလား မျှော်လင့်ချက်ဟာ ချန်ပီယံလိဂ် တစ်ခုတည်းသာ ကျန်ရှိတော့ပြီး လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

ဗစ်ဇ်ရဲ့ ပြောကြားချက်

အသင်းရဲ့ ရုန်းကန်နေရမှုတွေ ရှိပေမယ့် ကစားသမားတွေဟာ ဆလော့တ် အပေါ် ယုံကြည်မှု မပျက်ပြားသေးဘူးလို့ ဂျာမန် ကွင်းလယ်လူ ဗစ်ဇ်က အခုလို ဆိုပါတယ်။ “ဟုတ်ပါတယ်၊ ကျွန်တော်တို့ နည်းပြကို ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒီနည်းပြနဲ့ပဲ လိဂ်ဖလား ရခဲ့တာ ဖြစ်လို့ အသင်း အနေနဲ့ သူ့ကို ယုံကြည်ရမှာပါ။ ဒီရာသီ မှာလည်း ကောင်းမွန်တဲ့ ပွဲစဉ်တွေ အများကြီး ကစားခဲ့ပါတယ်။ အခုထက် ပိုကောင်းချင်ခဲ့တာ မှန်ပေမယ့် အခြေအနေ ကတော့ လက်ရှိ အတိုင်းပါပဲ။ ကျွန်တော် တို့မှာ ကြိုးစားစရာတွေ ကျန်ပါသေးတယ်။ နည်းပြကို ကျနော်တို့ ယုံကြည်သလို မနက်ဖြန်ပွဲ မှာလည်း အကောင်းဆုံး စွမ်းဆောင်သွားမှာပါ။”

 

ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ် တို့ရဲ့ အခြေအနေ

ဒီနှစ်သင်းဟာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ၆ ကြိမ် တွေ့ဆုံဖူးပြီး ၃ ပွဲစီ အနိုင်ရထားပါတယ်။
ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ်ကို ဖြုတ်ချခဲ့ဖူးတဲ့ ပီအက်စ်ဂျီ

ပြင်သစ် ကလပ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲ မရှိသေးပါဘူး (၆ ပွဲ နိုင်၊ ၁ ပွဲ သရေ)။ လစ်ဗာပူးလ်နဲ့ ပွဲမှာသာ မရှုံးဘူး ဆိုရင်တော့ ပြင်သစ် ကလပ် တစ်ခုရဲ့ အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန် (လိုင်ယွန်တင်ရှိထားတဲ့ ၈ ပွဲဆက်) ကို လိုက်မီမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ၆ ကြိမ် တွေ့ဆုံဖူးပြီး ၃ ပွဲစီ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ တွေ့ဆုံစဉ် ကလည်း တစ်ဖက် တစ်ဂိုးစီနဲ့ အဝေးကွင်းမှာ အသီးသီး အနိုင်ရခဲ့ပါတယ်။ ပီအက်စ်ဂျီက အန်ဖီးလ်မြေမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

 

နည်းပြ ဆလော့တ်ရဲ့ မှတ်ချက်

ပရီးမီးယားလိဂ် မှာလည်း အဆင့် ၄ အတွင်းဝင်ဖို့ ရုန်းကန်နေရပေမယ့် ဆလော့တ် ကတော့ ပီအက်စ်ဂျီနဲ့ ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ “ဥရောပ ချန်ပီယံ ပီအက်စ်ဂျီနဲ့ ကစားရမှာ ဖြစ်လို့ အဝေးကြီးကို ကြိုမတွေးထားပါဘူး။ သူတို့က ထိုက်ထိုက်တန်တန် ချန်ပီယံ ဖြစ်ခဲ့တာပါ။ အသင်းသားတွေကို စုစည်းထားနိုင်လေလေ ပိုကောင်းလာလေလေပါပဲ။ သူတို့ ပွဲတွေကို ကျွန်တော် အများကြီး ကြည့်ထားပြီးပါပြီ။ သူတို့က တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ အသင်းပါ။ သေးငယ်တဲ့ အချက်အလက်လေးတွေကပဲ ပွဲရဲ့ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။”လို့ ဆလော့တ်က ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်