အခုတစ်ခါမှာတော့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ မှတ်တမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ထိပ်တန်းဂိုးသွင်းရှင်များစာရင်း
- ၁၇ ဂိုး: ခရစ္စတီယာနို ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်၊ ၂၀၁၃-၁၄)
- ၁၆ ဂိုး: ခရစ္စတီယာနို ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်၊ ၂၀၁၅-၁၆)
- ၁၅ ဂိုး: ရောဘတ် လီဝမ်ဒေါစကီး (ဘိုင်ယန်မြူးနစ်၊ ၂၀၁၉-၂၀)
- ၁၅ ဂိုး: ခရစ္စတီယာနို ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်၊ ၂၀၁၇-၁၈)
- ၁၅ ဂိုး: ကာရင်မ် ဘန်ဇီမာ (ရီးရဲလ်မက်ဒရစ်၊ ၂၀၂၁-၂၂)
- ၁၄ ဂိုး: လီယွန်နယ် မက်ဆီ (ဘာစီလိုနာ၊ ၂၀၁၁-၁၂)
- ၁၄ ဂိုး: ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်၊ ၂၀၂၅-၂၆) လက်ရှိရာသီ
- ၁၃ ဂိုး: ရောဘတ် လီဝမ်ဒေါစကီး (ဘေယန်မြူးနစ်၊ ၂၀၂၁-၂၂)
- ၁၃ ဂိုး: ဆာဟူး ဂူရက်ဆီ (ဒေါ့မန်၊ ၂၀၂၄-၂၅)
- ၁၃ ဂိုး: ရာဖင်ညာ (ဘာစီလိုနာ၊ ၂၀၂၄-၂၅)
၁၇ ဂိုး – ခရစ္စတီယာနို ရော်နယ်ဒို (၂၀၁၃-၁၄)
ချန်ပီယံလိဂ် သမိုင်းမှာ တစ်ဦးချင်း အကောင်းဆုံး ဂိုးသွင်း စံချိန်ကို ၂၀၁၃-၁၄ ရာသီမှာ ရော်နယ်ဒိုက ၁၇ ဂိုးနဲ့ တင်ရှိထားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီရာသီမှာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံ ဖြစ်ဖို့ ရော်နယ်ဒိုက အဓိက ကူညီ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီသားက အုပ်စုအဆင့် ပထမဆုံး ပွဲစဉ် မှာတင် ဂါလာတာဆာရေး အသင်းကို ဟက်ထရစ် သွင်းယူပြီး စတင်နိုင်ခဲ့ပါတယ်။ ရှုံးထွက်အဆင့်တွေ မှာလည်း ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပြီး အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲ မိနစ် ၁၂၀ မှာ ပင်နယ်တီက တဆင့် နောက်ဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။
၁၆ ဂိုး – ခရစ္စတီယာနို ရော်နယ်ဒို (၂၀၁၅-၁၆)
၂ နှစ် အကြာမှာပဲ ရော်နယ်ဒိုဟာ သူ့ရဲ့ စံချိန်ကို ပြန်လည် ကျော်ဖြတ်ဖို့ နီးစပ်ခဲ့ပါတယ်။ အုပ်စုအဆင့် မှာတင် ၁၁ ဂိုး သွင်းယူခဲ့ပြီး ဒါဟာ ချန်ပီယံလိဂ် သမိုင်းမှာ အုပ်စု အဆင့် ဂိုးအများဆုံး သွင်းတဲ့ စံချိန်လည်း ဖြစ်ပါတယ်။ ရှက်တာဒိုးနက်နဲ့ ပွဲမှာ ဟက်ထရစ်၊ မာလ်မိုနဲ့ ပွဲမှာ ၄ ဂိုး သွင်းယူခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အဆုံးအဖြတ် ပင်နယ်တီ ကိုတော့ ကန်သွင်းပေးနိုင်ခဲ့ပါတယ်။
၁၅ ဂိုး – ရော်နယ်ဒို၊ လီဝမ်ဒေါစကီးနဲ့ ဘန်ဇီမာ

ရော်နယ်ဒို (၂၀၁၇-၁၈): ၁၅ ဂိုး သွင်းယူခဲ့ပြီး ရီးရဲလ်မက်ဒရစ် အတွက် ချန်ပီယံလိဂ် ဖလား ထပ်မံ ရယူပေးခဲ့ပါတယ်။ တစ်ရာသီ အတွင်း ချန်ပီယံလိဂ် ပွဲစဉ် ၁၀ ပွဲမှာ ဂိုးသွင်းနိုင်တဲ့ သူ့ရဲ့ စံချိန်ဟောင်း ကိုလည်း ပြန်လည် လိုက်မီခဲ့ပါတယ်။
ရောဘတ် လီဝမ်ဒေါစကီး (၂၀၁၉-၂၀): ဘေယန်မြူးနစ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီမှာ ၁၅ ဂိုး သွင်းခဲ့ပါတယ်။ ဗိုလ်လုပွဲ မတိုင်ခင် ကစားခဲ့တဲ့ ၉ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဘန်ဇီမာ (၂၀၂၁-၂၂): သွင်းဂိုး ၁၅ ဂိုး အနက် ၁၀ ဂိုးကို ရှုံးထွက်အဆင့်တွေမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး တို့ကို ဟက်ထရစ်တွေ သွင်းခဲ့သလို၊ မန်စီးတီးနဲ့ ဆီမီးဖိုင်နယ် မှာလည်း အရေးပါတဲ့ ဂိုးတွေ သွင်းယူခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


