ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီက အသင်းရဲ့ ကြယ်ပွင့် မိုက်ကယ် အိုလီဆေးကို ဒီဘရွန်းနားနဲ့ နှိုင်းယှဉ် ချီးကျူးလိုက်ပါတယ်။ အိုလီဆေးက ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ရောက်ရှိလာကတည်းက ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ယန်မြူးနစ်ဟာ ဖရိုင်းဘတ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပေမယ့်လည်း အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ မိုက်ကယ် အိုလီဆေး အပေါ် ကွန်ပနီက ယုံကြည်မှု အပြည့် ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ ဗင်းန်ဆင့် ကွန်ပနီက အိုလီဆေးရဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့ပြီး သူ့ကို မန်စီးတီး ကြယ်ပွင့် ကီဗင် ဒီဘရွန်းနားနဲ့ပါ နှိုင်းယှဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အိုလီဆေးဟာ ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေသလို ဥရောပရဲ့ ထိပ်တန်း ကစားသမား တစ်ဦး အဖြစ် ရပ်တည်နေပါတယ်။ ဥရောပ ထိပ်တန်းလိဂ် (၅) ခုမှာ အိုလီဆေးထက် ဂိုးပါဝင်ပတ်သက်မှု ပိုများသူတွေ ဆိုလို့ ကီလီယန် အမ်ဘာပေး (၄၃ ကြိမ်) နဲ့ ဟယ်ရီကိန်း (၅၃ ကြိမ်) တို့သာ ရှိနေပါတယ်။ အိုလီဆေး ကတော့ ဂိုးပါဝင် ပတ်သတ်မှု ၃၉ ကြိမ် အထိ ရှိထားပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ အိုလီဆေးက ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပြီး သောမတ်စ် မူလာ တင်ထားတဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန် (၂၁ ကြိမ်) ကို လိုက်မှီဖို့ ၄ ကြိမ်သာ လိုတော့တာ ဖြစ်ပါတယ်။
ကွန်ပနီက အိုလီဆေးရဲ့ ထူးခြားတဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ အခုလိုပဲ ဆိုပါတယ်။ “သူ့ရဲ့ စိတ်ဓာတ်ပိုင်းက သူ့ကို ထူးခြားတဲ့သူ ဖြစ်စေတာပါ။ သူက အသေးစိတ်က အစ ဂရုစိုက်ပြီး အလုပ်လုပ်တဲ့သူ ဖြစ်သလို၊ တစ်ခုခုက ၁၀၀ ရာခိုင်နှုန်း အဆင်မပြေ ဖြစ်သွားရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တတ်တဲ့သူပါ။ နည်းပြ တစ်ယောက် အနေနဲ့ သူ့လို ကစားသမားမျိုးကို ကိုင်တွယ်ရတာ စိန်ခေါ်မှု ရှိသလို အဆင့်မြင့်မြင့် တွေးတောနေရပါတယ်။”

ဆက်လက်ပြီး ကွန်ပနီက “ကျွန်တော် သူ့ကို ဒီဘရွန်းနားနဲ့ အမြဲ နှိုင်းယှဉ်ကြည့်မိတယ်။ သူ့ရဲ့ ကန်ချက်တွေ၊ ဆွဲယူထွက်ပုံတွေ၊ ဘယ်ခြေညာခြေ သုံးနိုင်စွမ်းတွေက အရင်က ကစားသမား တစ်ယောက် ဆီမှာ မြင်ဖူးသလို ခံစားရတယ်။ သူဟာ ဘေယန်ကို ဒီထက်ပိုပြီး ကောင်းမွန်အောင် လုပ်ပေးနိုင်ဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ဆိုပါတယ်။
အင်္ဂလန် အတွက် ခြေစမ်းပွဲ ကစားစဉ် ခြေကျင်းဝတ် ဒဏ်ရာရခဲ့တဲ့ ဟယ်ရီကိန်း ကတော့ ဖရိုင်းဘတ်နဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် တပတ် အင်္ဂါနေ့မှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ပြန်လည် ပါဝင်နိုင်မယ်လို့တော့ ကွန်ပနီက မျှော်လင့်နေပါတယ်။
လာမယ့် ပွဲမှာတော့ ဖရိုင်းဘက် ဘက်က အီဂေါ မာတာနိုဗစ်ကို စောင့်ကြည့်ရဖို့ ရှိပြီး သူ့ရဲ့ ဒီရာသီမှာ သွင်းဂိုး ၈ ဂိုးက အသင်း အတွက် ၁၂ မှတ် အထိ ရယူပေးထားနိုင်တ တွေ့ရပါတယ်။ သူက ဖရိုင်းဘတ် အတွက် တစ်ပွဲတည်း ၂ ဂိုးထက်မက သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမာလေည်း ဖြစ်နေပါတယ်။
ဘေယန်မြူးနစ် ဘက်မှာတော့ မိုက်ကယ် အိုလီဆေးကို စောင့်ကြည့်ရပါမယ်။ အိုလီဆေးက ဖရိုင်းဘက်နဲ့ ပထမအကျော့ တွေ့ဆုံစဉ် (၆-၂) နဲ့ အနိုင်ရတဲ့ ပွဲမှာ ၂ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးကာ ဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ် အထိ စံချိန်တင် ပြုလုပ်ခဲ့ဖူးပါတယ်။
ဘေယန်မြူးနစ်က ဖရိုင်းဘတ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၁ ပွဲသာ ရှုံးနိမ့်ဖူးပါတယ်။ ဘေယန်ဟာ ဒီရာသီမှာ ၂၇ ပွဲ ကစားပြီး ရမှတ် ၇၀ ရရှိထားကာ အသင်း သမိုင်းတစ်လျှောက် တတိယမြောက် အကောင်းဆုံး ရာသီအစကို ပိုင်ဆိုင်ထားပါတယ်။ ဘေယန်ဟာ ဒီရာသီမှာ ၉၇ ဂိုး သွင်းယူထားနိုင်ပြီး၊ ၁၉၇၁-၇၂ ရာသီက တင်ထားတဲ့ ဘွန်ဒက်စ်လီဂါ စံချိန်ဟောင်း (၁၀၁ ဂိုး) ကို ကျော်ဖြတ်ဖို့ ၄ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


