နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချဲလ်ဆီးကို ဂိုးပြတ် ဆုံးမပြီး အာဆင်နယ်ရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ အခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၀-၃ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ ရေယန် ချာကီ တယောက် အထူး ခြေစွမ်းပြခဲ့ပြီး ဒီနိုင်ပွဲကြောင့်ပဲ မန်စီးတီးတို့ အာဆင်နယ်နဲ့ ရမှတ် ကွာဟချက်ကို ထပ်မံ လျှော့ချနိုင်ခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ စီးတီးက ပွဲအစပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့်လည်း နောက်ဆုံး မှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လှပတဲ့ နိုင်ပွဲကို အရယူသွားခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ လာမယ့် တပတ် အက်တီဟတ်ကွင်းမှာ ကစားမယ့် အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံမှုမှာ ဂွာဒီယိုလာရဲ့ အသင်း အနိုင်ရရှိခဲ့ရင်တော့ ရမှတ် ကွာဟမှုက ၃ မှတ်သာ ရှိတော့မှာ ဖြစ်ပြီး မန်စီးတီး အနေနဲ့ လက်ကျန်ပွဲ တစ်ပွဲလည်း ကစားဖို့ ကျန်ရှိနေပါသေးတယ်။

 

ပွဲစဉ်အကျဉ်း 

တနင်္ဂနွေနေ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ မန်စီးတီး အတွက် အခြေအနေတွေက လွယ်ကူခဲ့ခြင်း မရှိခဲ့ဘဲ ဒုတိယပိုင်းမှာ ရေယန် ချာကီရဲ့ ဖန်တီးမှုတွေကသာ အနိုင်ရလဒ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ ချဲလ်ဆီးက အခွင့်အရေး ပိုမို ရရှိခဲ့ပြီး ကိုးလ် ပါးလ်မာနဲ့ ယာအို ပက်ဒရို တို့ရဲ့ ကန်ချက်တွေ ကတော့ ဂိုးပိုက်ဘေး ကိုသာ တိုးခဲ့ပါတယ်။ မာ့ခ် ကူကူရယ်လာက ဒွန်နာရမ်းမားကို ကျော်ဖြတ်ကာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း လူကျွံနေတဲ့ အတွက် ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။

ပထမပိုင်းမှာ မန်စီးတီး အတွက် တစ်လုံးတည်းသော အခွင့်အရေးက ဘာနာဒို ဆေးလ်ဗားရဲ့ အနီးကပ် ကန်ချက် ဖြစ်ပြီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဧည့်သည် အသင်းက ကစားအားကို သိသိသာသာ မြှင့်တင်ခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ဆက်လက် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ ချာကီရဲ့ ဖန်တီးပေးမှုက တစ်ဆင့် နီကို အိုရိုင်လီက ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၆ မိနစ် အကြာမှာ ပြင်သစ်သား ချာကီ ကပဲ ပြိုင်ဘက် ကစားသမားတွေကို လှပစွာ ကျော်ဖြတ်ပြီး မာ့ခ် ဂူဟီထံသို့ ပါးနပ်စွာ ဂိုးဖန်တီးပေးခဲ့ကာ ဂူဟီ ကလည်း တိုက်စစ်မှူး တစ်ဦးလိုမျိုး အဆုံးသတ်နိုင်ခဲ့ပါတယ်။

၆၈ မိနစ်မှာ ကိုင်စီဒိုဆီ ကနေ ဒိုကူက ဘောလုံးလုယူကာ ဂိုးပေါက် အနီးသို့ ဆွဲဝင်ပြီး တတိယဂိုး သွင်းယူလိုက်ချိန် မှာတော့ ပွဲမှာ အပြီးသတ်သွားခဲ့ပါတယ်။ ဂိုးသမား ဒွန်နာရမ်းမား ကလည်း ပွဲပြီးခါနီးမှာ ကူကူရယ်လာရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ပေးဂိုး မရှိ နိုင်ပွဲ ရရှိခဲ့ပါတယ်။ 

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

မန်စီးတီးသည် ပထမပိုင်း ၄၅ မိနစ်မှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ ကြယ်ပွင့် ကစားသမား တစ်ဦးရဲ့ ဦးဆောင်မှု လိုအပ်ခဲ့ပါတယ်။ အိုရိုင်လီ၊ ဂူဟီနဲ့ ဒိုကု တို့က ဂိုးသွင်းယူခဲ့ပေမယ့်လည်း ချာကီက နိုင်ပွဲရဲ့ အဓိက သော့ချက် ဖြစ်ခဲ့ပါတယ်။

လိုင်ယွန် ကစားသမားဟောင်းဟာ ၆ မိနစ် အတွင်း ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲရဲ့ အလှည့်အပြောင်းကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၀ ကြိမ် အထိ ပြုလုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချာကီက ၂၀၁၅-၁၆ ရာသီက ဝက်စ်ဟမ်း အတွက် ဒီမစ်ထရီ ပါယက် ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်တဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာခဲ့ပါတယ်။ ချာကီဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု အများအပြားကို ၄ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး၊ ဥရောပ ထိပ်သီးလိဂ် ၅ ခုရှိ ကစားသမားတွေ အနက် ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် (၃ ပွဲ) ထက်တောင် ပိုမို များပြားနေတာ တွေ့ရပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီး ကတော့ ၁၉၉၈ ခုနှစ် မတ်လ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနဲ့ မန်စီးတီးက ဂိုးကန်သွင်းမှု (၁၂ ကြိမ် – ၁၈ ကြိမ်)၊ ဂိုးပေါက်တည့်မှု (၃ ကြိမ် – ၈ ကြိမ်) နှင့် မျှော်မှန်းဂိုး (၁.၁၄ (xG) – ၁.၈၉ (xG)) ရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်