နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် အကြား ဟန်ချက်ညီအောင် ထိန်းညှိနေရတဲ့ ဖောရက်စ်

အက်စတွန်ဗီလာဟာ နော့တင်ဟမ်ဖောရက်စ် ကတော့ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းထားနိုင်ပေမယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန် တိုက်ပွဲ အတွက်လည်း ဆက်လက် သတိထားနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဗစ်တာ ပါရဲရားက ပရီးမီးယားလိဂ်မှာ ရပ်တည်ရေး ရုန်းကန်နေရမှုနဲ့ ယူရိုပါလိဂ် အောင်မြင်မှု ရရှိရေး ကြိုးပမ်းမှုတို့ အကြား ဟန်ချက်ညီအောင် ထိန်းညှိနေရကြောင်း ဖွင်ဟလာခဲ့ပါတယ်။

 

ပြည်တွင်းမှာ ရှင်သန်ရေး တိုက်ပွဲနဲ့ ဥရောပ စိန်ခေါ်မှု

နော့တင်ဟမ်ဖောရက်စ်ဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ပေါ်တိုနဲ့ ရင်ဆိုင်ဖို့ Estadio Do Dragao ကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရက်ပိုင်း အတွင်းမှာတင် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။

ဖောရက်စ်ဟာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်က စပါးကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ရုန်းကန်နေရဆဲဖြစ်ပြီး တန်းဆင်းဇုန် အထက် ၃ မှတ် အကွာ မှာသာ ရှိနေပါတယ်။ တစ်ဖက် မှာတော့ ဥရောပ စင်မြင့်မှာ ခြေစွမ်းပြနေပြီး ၁၉၉၅-၉၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဖောရက်စ်ဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ ၈.၉ ရာခိုင်နှုန်း အခွင့်အရေး ရှိနေပြီး၊ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ကာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ကတော့ ၁၀ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပါတယ်။

 

နည်းပြ ပါရဲရားရဲ့ အမြင်

နော့တင်ဟမ်ဖောရက်စ်ဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ပေါ်တိုနဲ့ ရင်ဆိုင်ဖို့ Estadio Do Dragao ကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။
၁၉၉၅-၉၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ ဖောရက်စ်

“အဓိက ဦးစားပေး ကတော့ နောက်ပွဲကို နိုင်ဖို့ပါပဲ။ အဲဒီပွဲက မနက်ဖြန် ပွဲပါ။ ယူရိုပါလိဂ်က အရမ်း အရေးကြီးသလို အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် လုပ်ဖို့ ကလည်း တကယ့်ကို အရေးကြီးပါတယ်။ ဒီပြိုင်ပွဲ နှစ်ခု အကြားမှာ ဟန်ချက်ညီအောင် ကျွန်တော် ရှာဖွေရပါမယ်။ ဒါမှသာ မနက်ဖြန်ပွဲရော၊ နောက် ၃ ရက် အကြာမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲမှာပါ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ။” လို့ ပါရဲရားက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

ပေါ်တိုရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်နဲ့ ခရစ်ဝုဒ် ပြန်လည် ပါဝင်လာမှု

ပေါ်တိုဟာ ဒီရာသီ ယူရိုပါလိဂ်မှာ အိမ်ကွင်း ၅ ပွဲ ကစား ၅ ပွဲစလုံး အနိုင်ရထားတဲ့ (အက်စတွန်ဗီလာ၊ ဖရိုင်းဘာ့ဂ် တို့နဲ့ အတူ) အသင်း တစ်သင်း ဖြစ်တာကြောင့် ဖောရက်စ် အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း ဖောရက်စ် အတွက် သတင်းကောင်း ကတော့ တိုက်စစ်မှူး ခရစ်ဝုဒ် ပြန်လည် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ သူဟာ အန်ဂျီ ပိုစတီကိုဂလူး လက်ထက် ကတည်းက နောက်ဆုံး ကစားခဲ့ပြီး အောက်တိုဘာလ ကတည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရသူပါ။ ခရစ်ဝုဒ်ဟာ အသင်းနဲ့ အတူ ပေါ်တူဂီကို လိုက်ပါသွားပေမယ့် ပွဲထွက် ကစားဖို့ထက် အရန်လူ အဖြစ်သာ ပါဝင်နိုင်ခြေ ရှိပါတယ်။

ပါရဲရားက “သူ အသင်းနဲ့ အတူ လေ့ကျင့်ခန်း စဆင်းနေပါပြီ။ သူဟာ အတွေ့အကြုံရှိတဲ့ ကစားသမား ဖြစ်ပြီး ဂိုးသွင်းနိုင်သူပါ။ အခုလို စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရတဲ့ အချိန်မှာ သူ ပြန်ပါလာတာက အသင်း အတွက် အရမ်းပဲ အရေးကြီးပါတယ်။” လို့ ပရဲရားက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်