အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေက စိတ်ပျက်စရာ ရလဒ်တွေကို စပို့တင်းနဲ့ ချန်ပီယံလိဂ် ပွဲမှာ တွန်းအားအဖြစ် ပြောင်းလဲပစ်ရမယ်လို့ နည်းပြ မီခေးလ် အာတေးတားက တိုက်တွန်းလိုက်ပါတယ်။ ဒီရာသီမှာ ပထမဆုံးအကြိမ် အဖြစ် နှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ပေါ်တူဂီ ထိပ်သီး ကလပ် စပို့တင်း အသင်းနဲ့ ဒီညမှာ ရင်ဆိုင်ရမှာပါ။
ရှုံးနိမ့်မှု ကနေ သင်ခန်းစာယူခြင်း
အာဆင်နယ်ဟာ နိုင်ငံတကာ ပွဲစဉ် ပိတ်ရက် မတိုင်ခင် ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့သလို၊ မကြာသေးခင် ကလည်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချန်ပီယံရှစ် ကလပ် ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါဟာ အာဆင်နယ်ရဲ့ တစ်ရာသီ အတွင်း ဆုဖလား ၄ လုံး (Quadruple) မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့တာပါ။
လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ အသင်း အတွင်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေသလား ဆိုတဲ့ မေးခွန်း ကိုတော့ မီခဲလ် အာတေးတားက အခုလို ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တို့ လုပ်ရမှာက ပြာပြာသလဲ တုန်လှုပ်နေဖို့ မဟုတ်ပါဘူး။ ဘာကြောင့် ရှုံးခဲ့တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်အောင် လုပ်ဖို့ပါ။ အဲဒါကို လက်ခံနိုင်ပြီး သေချာ ဆန်းစစ်နိုင်ရင် ကျွန်တော်တို့ ပိုတော်လာပါလိမ့်မယ်။”
“အခု ခံစားနေရတဲ့ နာကျင်မှုနဲ့ စိတ်ခံစားချက်တွေကို ပိုကောင်းလာအောင်၊ ပိုတိုးတက်လာအောင် တွန်းအား အဖြစ် အသုံးချရမှာပါ။ အရင်ကထက် ပိုပြီး ဆာလောင်စိတ် ပြင်းပြနေသလို မနက်ဖြန်ပွဲ အတွက်လည်း အရမ်းကို စိတ်လှုပ်ရှား တက်ကြွနေပါတယ်။” လို့ အာတေးတာက ပြောကြားခဲ့ပါတယ်။
စံချိန်မှတ်တမ်းနဲ့ အခွင့်အရေးများ

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးထက် တစ်ပွဲ ပိုကစားထားပြီး ၉ မှတ် အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ဒါ့အပြင် ဂန်းနားတွေက ချန်ပီယံလိဂ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ဖို့ ၇၈ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး ချန်ပီယံဆု ရဖို့ ၂၈ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။
အာဆင်နယ်ဟာ ဥရောပပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်မှာ ပေါ်တူဂီမြေပေါ် သွားရောက် ကစားခဲ့စဉ်က တစ်ကြိမ်မှ အနိုင်မရရှိခဲ့ဖူးပါဘူး (၄ ပွဲသရေ၊ ၂ ပွဲရှုံး)။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် အခုတစ်ကြိမ် မှာလည်း နှစ်နှစ် ဆက်တိုက် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
လူစာရင်း အခြေအနေ
အာဆင်နယ် အတွက် သတင်းဆိုး ကတော့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဘူကာယို ဆာကာနဲ့ ဂျူရီယန် တင်ဘာ တို့ဟာ ဒဏ်ရာကြောင့် ပေါ်တူဂီ ခရီးစဉ်မှာ ပါဝင်လာမှာ မဟုတ်ဘဲ လာမယ့် ရက်သတ္တပတ် မှသာ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂါဘရီယယ် မက်ဂါဟေးစ်၊ ဒီကလန် ရိုက်စ်နဲ့ လီအန်ဒရို ထရော့စ်ဆတ် တို့ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပြီး လစ္စဘွန်းကို လိုက်ပါသွားပြီ ဖြစ်တာကြောင့် အာတေးတား အတွက် အားကိုးစရာ ဖြစ်လာမှာပါ။ ဒါကြောင့် အရေးပါတဲ့ ကစားသမား တချို့ ပြန်လည် ပါဝင်လာနိုင်တာဟာ အသင်း အတွက် အင်အားကြီး တစ်ရပ် ဖြစ်စေတယ်လို့လည်း အာတေးတားက အတည်ပြု ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


