မန်ချက်စတာယူနိုက်တက်ရဲ့ အားအထားရဆုံး ကစားသမား ဘရူနို ဖာနန်ဒက်စ်က ခရစ္စတီယာနို ရော်နယ်ဒို အသင်းဆီ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာပြီး ပွဲဦးထွက် ကစားခဲ့တဲ့နေ့ကို ပြန်လည် အမှတ်ရကာ ချီးကျူးစကားဆိုလိုက်ပါတယ်။ ရော်နယ်ဒိုက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ယူနိုက်တက် အတွက် ဒုတိယအကြိမ် စတင် ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက ဂျူဗင်တပ်စ်မှာ ၃ နှစ်ကြာ ကစားပြီးနောက် ယူနိုက်တက် ကနေ ထွက်ခွာသွားခဲ့ပြီးနောက် ၁၂ နှစ် အကြာမှာ အိုးထရက်ဖို့ဒ်ဆီ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ရော်နယ်ဒိုက ၂ ဂိုး သွင်းယူကာ အသင်းကို ၄-၁ နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုက ထူးခြားတဲ့ စံချိန် မှတ်တမ်း တချို့ကို ရရှိခဲ့ပါတယ်။ ပေါ်တူဂီသားကြီးက အသက် ၃၆ နှစ်၊ ၂၁၈ ရက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ အရင် နောက်ဆုံးပွဲစဉ် (၂၀၀၉ မေလ) နဲ့ အခု ပွဲစဉ် (၂၀၂၁ ဩဂုတ်လ) အကြား ၁၂ နှစ်နဲ့ ၁၁၈ ရက် ကွာဟခဲ့ပြီး အင်္ဂလန် ထိပ်တန်းလိဂ်မှာ ပွဲစဉ် နှစ်ခု အကြား အချိန်အကြာဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ၂၀၀၉ ခုနှစ် မန်စီးတီးနဲ့ ပွဲမှာ သွင်းခဲ့တဲ့ ဂိုးနဲ့ အခုဂိုး အကြား ၁၂ နှစ်နဲ့ ၁၂၄ ရက် ကွာဟခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယမြောက် အချိန်အကြာဆုံး စံချိန် ဖြစ်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ် ကတော့ ရော်နယ်ဒိုနဲ့ ကြုံခဲ့ရတဲ့ အမှတ်တရတွေနဲ့ ပတ်သတ်လို့ ကလပ် အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ရော်နယ်ဒို ကတော့ ကျွန်တော့် အတွက် အလွယ်ကူဆုံး ရွေးချယ်မှုပါပဲ။ သူက ပေါ်တူဂီ လူမျိုး ဖြစ်သလို ကျွန်တော့်လို ၁၉၉၄ မှာ မွေးတဲ့သူတွေက အစ လူတိုင်းဟာ သူ့ကိုပဲ အားကျ ကြည့်ရှုခဲ့ကြတာပါ။ သူ ဒီအသင်းနဲ့ အတူ ဘယ်လွန်ဒေါ ရခဲ့တာက တကယ့်ကို ထူးခြားပါတယ်။” လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။
ဘရူနို ဖာနန်ဒက်စ်က နယူးကာဆယ်နဲ့ ပွဲစဉ်ကို ပြန်လည် အမှတ်ရရင်း “အဲဒီနေ့က တကယ့်ကို မေ့မရနိုင်တဲ့နေ့ပါ။ သူ ပြန်လာတယ်၊ ၂ ဂိုး သွင်းတယ်၊ ကြည့်ရတာ သူ ဒီအသင်းကနေ တစ်ခါမှ မထွက်သွားခဲ့ဖူးသလိုပါပဲ။ အားကစားကွင်း အတွင်းက ပရိသတ်တွေရဲ့ အားပေးမှု အငွေ့အသက်က အရမ်းကို ရူးသွပ်ဖို့ ကောင်းပြီး ကျွန်တော် ကြုံဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ သူ ကွင်းထဲကို ဝင်လာတဲ့ အချိန် အထိ အရာအားလုံးက အခုထိ ကျွန်တော့်ကို ကြက်သီးထစေတုန်းပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ဒုတိယအကြိမ် ကစားစဉ် အတွင်း ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၂၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းကာ အသင်း ကနေ ထွက်ခွာခဲ့ပါတယ်။ ၎င်းက တန်ဟက်ဂ်ရဲ့ “ သစ္စာဖောက်ခြင်း” ကို ခံခဲ့ရတယ်လို့တောင် ပြောဆိုခဲ့တာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


