နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒဏ်ရာကနေ ပြန်လာတဲ့ အိဆက်ခ်ကို အလောတကြီး အသုံးပြုမှာ မဟုတ်ကြောင်း သတိပေးလိုက်တဲ့ ဆလော့တ် | အက်ဖ်အေဖလား

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ တိုက်စစ်မှူး အလက်ဇန္တား အီဆက်ခ်ကို အလျင်စလို အသုံးပြုသွားမှာ မဟုတ်ပဲ ဂရုတစိုက် ကိုင်တွယ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အိဆက်ခ်ကို လူစာရင်းမှာ ပြန်လည် ထည့်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်သားက ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ကတော့ မသေချာသေးပါဘူး။

အသက် ၂၆ နှစ် အရွယ် ဆွီဒင် တိုက်စစ်မှူး အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပါးနဲ့ ပွဲမှာ ဂိုးသွင်းယူရင်း ခြေကျင်းဝတ်နဲ့ ခြေသလုံးရိုး ကျိုးဒဏ်ရာ ရရှိခဲ့တာကြောင့် ရက်ပေါင်း ၁၀၀ ကျော်ကြာ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကမှ အသင်းနဲ့ အတူ ပထမဆုံးအကြိမ် ပြန်လည် လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့တာပါ။

အိဆက်ခ်ကို မန်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲမှာ အသုံးပြုမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဆလော့တ်က အခုလိုပဲ ဆိုပါတယ်။ “သူ့ကို အဖွင့်လူစာရင်းမှာ မျှော်လင့်ဖို့ကတော့ သေချာပေါက် စောလွန်းပါသေးတယ်။ သူဟာ ရက်ပေါင်း ၁၀၁ ရက်အကြာမှ အသင်းနဲ့ အတူ ဒုတိယအကြိမ်မြောက် လေ့ကျင့်ခန်းဆင်းနေတာပါ။ သူ့ကို မိနစ် အများကြီး ပေးကစားနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်သလို၊ ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်နိုင်အောင် ကျွန်တော်တို့ နည်းစနစ်တကျ လုပ်ဆောင်သွားမှာပါ။” လို့ ဆလော့တ်က ဆိုပါတယ်။

အထူးသဖြင့် အက်ဖ်အေဖလား ပွဲစဉ် ဖြစ်တာကြောင့် အချိန်ပို အထိ ရောက်သွားနိုင်တဲ့ အခြေအနေ ကိုလည်း ဆလော့တ်က စိုးရိမ်နေပါတယ်။ “ဒီပွဲက ပုံမှန်ပွဲမျိုး မဟုတ်ပဲ အချိန်ပို အထိ သွားနိုင်တာက အခြေအနေကို ပိုခက်ခဲစေပါတယ်။ ဥပမာ သူ့ကို ၁၀ မိနစ်လောက်ပဲ ပေးကစားဖို့ စဉ်းစားထားပေမယ့် ပွဲက အချိန်ပို ရောက်သွားရင် အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ သူဘယ်လို ခံစားရလဲ ဆိုတာ ကိုပဲ စောင့်ကြည့်သွားမှာပါ။ ရက်ပေါင်း ၁၀၀ မှာ လေ့ကျင့်ခန်း ၂ ကြိမ်ပဲ ဆင်းထားတဲ့ သူကို ပွဲထွက်ကစားခိုင်းဖို့ ကတော့ ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး။” လို့ ဆလော့တ်က ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် အက်ဖ်အေဖလား ပွဲစဉ် ဖြစ်တာကြောင့် အချိန်ပို အထိ ရောက်သွားနိုင်တဲ့ အခြေအနေ ကိုလည်း ဆလော့တ်က စိုးရိမ်နေပါတယ်။
မကြာခင်မှာ အိဆက်ခ်ကို မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် မြင်တွေ့ရဖို့ ရှိနေတဲ့ လစ်ဗာပူးလ်

ဆက်လက်ပြီး ဆလော့တ်က အိဆက်ခ်ဟာ ဒဏ်ရာကြောင့် အနားယူနေရစဉ် အတွင်း ရုပ်ပိုင်းဆိုင်ရာ ပိုမိုသန်မာလာတာကို တွေ့ရကြောင်း၊ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်ကို အမီလိုက်နိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့် ရာသီကြိုကာလကျမှသာ အိဆက်ခ်ဆီ ကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို မျှော်လင့်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လစ်ဗာပူးလ်ရဲ့ တောင်ပံ တိုက်စစ် ကြယ်ပွင့် မိုဟာမက် ဆာလာဟာ ဒီရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပါတယ်။ ဆလော့တ်က ဆာလာရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အီဂျစ်သားက ဒဏ်ရာ ကနေ သက်သာလာပြီ ဖြစ်တာကြောင့် မန်စီးတီးနဲ့ ပွဲမှာ ပါဝင်ကစားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဆာလာဟာ အက်ဖ်အေဖလား နောက်ဆုံး ၃ ပွဲ ဆက်တိုက် ဂိုးသွင်းထားပါတယ်။ အကယ်၍ ဒီပွဲမှာ ဂိုးထပ်သွင်းနိုင်ရင် ၂၀၀၀-၂၀၀၁ ရာသီက အီမီဟက်စကီး တင်ထားတဲ့ ၄ ပွဲဆက် ဂိုးသွင်း စံချိန်ကို လိုက်မီနိုင်မှာ ဖြစ်ပါတယ်။

နည်းပြ ဆလော့တ်က မို ဆာလာဟာ အသင်း အတွက် ဆုဖလား များစွာနဲ့ ဂိုးများစွာ သွင်းယူပေးခဲ့တဲ့ ဂန္ထဝင် တစ်ဦး ဖြစ်ပြီး ဒီရာသီ မကုန်ဆုံးခင်မှာ နောက်ထပ် ဆုဖလား ၂ လုံးလောက် ထပ်မံ ရယူပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်